I Engineering Myanmar ltd
Telecommunications Tower Site များအတွက် Spare Parts နှင့် Consumables များ၏ Inventory Management၊ Stock Control နှင့် Logistics လုပ်ငန်းများကို စနစ်တကျ စီမံညှိနှိုင်းဆောင်ရွက်နိုင်မည့် O&M Coordinator, Spares ကို ခေါ်ယူလျက်ရှိပါသည်။ တာဝန်ထမ်းဆောင်ရမည့်သူသည် Regional Stock များကို Physical Stock နှင့် ITSM System ပေါ်ရှိ Stock Records များအကြား ကိုက်ညီမှုရှိစေရန် စစ်ဆေးထိန်းသိမ်းခြင်း၊ Spare Parts များ ပို့ဆောင်ခြင်းနှင့် ပြန်လည်လက်ခံခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ Inventory Report များ ပြုစုတင်ပြခြင်းတို့ကို တာဝန်ယူရမည်ဖြစ်သည်။ ထို့အပြင် Main Warehouse နှင့် Regional Teams များအကြား ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်ပြီး Spare Parts နှင့် Consumables များ လိုအပ်သည့်အချိန်တွင် အဆင်သင့်ရရှိစေရန် ပံ့ပိုးဆောင်ရွက်ရမည်ဖြစ်သည်။
- Spare Parts နှင့် Consumables များကို လစဉ်အလိုက် Main Warehouse (WH) သို့ ပို့ဆောင်ခြင်း၊ ပြန်လည်လက်ခံခြင်းနှင့် သက်ဆိုင်ရာလုပ်ငန်းစဉ်များကို စီမံဆောင်ရွက်ခြင်း။
- ဒေသဆိုင်ရာ (Regional) ပစ္စည်းလက်ကျန်စာရင်းများကို Physical Stock နှင့် ITSM System ရှိ Soft Stock များအကြား ကိုက်ညီမှုရှိစေရန် စစ်ဆေးခြင်း၊ စာရင်းပြုစုခြင်းနှင့် စနစ်တကျ ထိန်းသိမ်းခြင်း။
- Spare Parts နှင့် Consumables များ၏ အဝင်၊ အထွက်နှင့် လက်ကျန်စာရင်းများကို စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းခြင်း။
- Warehouse နှင့် Regional Team များအကြား ပစ္စည်းပို့ဆောင်ခြင်း၊ လက်ခံခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ခြင်း။
- ပစ္စည်းလက်ကျန်စာရင်းများနှင့် Warehouse ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို စစ်ဆေးပြီး လိုအပ်သည့် အစီရင်ခံစာများကို Operation Manager ထံ အချိန်မီ တင်ပြခြင်း။
- လုပ်ငန်းလိုအပ်ချက်အရ သတ်မှတ်ပေးထားသော တာဝန်များနှင့် လုပ်ငန်းရည်မှန်းချက်များကို အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ခြင်း။
- Spare Parts နှင့် Consumables များကို စနစ်တကျ သိုလှောင်ထိန်းသိမ်းနိုင်ရန် သက်ဆိုင်ရာ Warehouse နှင့် Logistics Team များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
- လုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများနှင့် Stock Records များကို စနစ်တကျ ပြုစုထိန်းသိမ်းခြင်း။
- ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် သွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရပါမည်။
- Warehouse နှင့် Logistics လုပ်ငန်းနယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံရှိသူ ဖြစ်ရမည်။
- Telecommunications Equipment များနှင့် Diesel Generator (DG) များအကြောင်း အခြေခံနားလည်မှုရှိသူ ဖြစ်ရမည်။
- Spare Parts Management၊ Inventory Control နှင့် Stock Management ဆိုင်ရာ ဗဟုသုတရှိသူ ဖြစ်ရမည်။
- Physical Stock နှင့် System Stock များကို စစ်ဆေးတိုက်ဆိုင်နိုင်ပြီး စာရင်းဇယားများကို စနစ်တကျ ထိန်းသိမ်းနိုင်သူ ဖြစ်ရမည်။
- Microsoft Office ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။ အထူးသဖြင့် MS Excel၊ MS Word နှင့် Email အသုံးပြုမှုတို့တွင် ကျွမ်းကျင်မှုရှိရမည်။
- အင်္ဂလိပ်ဘာသာစကားကို နားလည်အသုံးပြုနိုင်ပြီး ဆက်သွယ်ပြောဆိုမှု ကောင်းမွန်သူ ဖြစ်ရမည်။
- အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်နိုင်ပြီး သက်ဆိုင်ရာဌာနများနှင့် ကောင်းမွန်စွာ ညှိနှိုင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
- လုပ်ငန်းတာဝန်များကို စနစ်တကျ စီမံဆောင်ရွက်နိုင်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသူ ဖြစ်ရမည်။
Performance Reward
Supportive working environment
International standard
Inclusive and diverse workplace
ieng Group is a leading provider of infrastructure and managed services solutions across Africa, the Middle East, and Southeast Asia, including Myanmar and deliver innovative, cost-effective projects that help clients achieve their business goals. Join our team and be part of a global success story.
Supportive working environment
International standard
Inclusive and diverse workplace
Supportive working environment
International standard
Inclusive and diverse workplace
Supportive working environment
International standard
Inclusive and diverse workplace